Computer Technology Student ကွန်ပျူတာ တက္ကသိုလ်ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက် - - ဆေးထိုးအပ်ကိုင်ပြီး လူတကာကို လိုက်မကြည့်ချင်ဘူး။ - ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲမှာ အထီးကျန်မနေချင်ဘူး။ - တာဝန်ကျရာ နေ့ရောညပါ အပြုအစုအယုအယ ပေးဖို့လည်းမစွမ်းနိုင်ဘူး။ - တပ်မတော် ဖေဖေ၊ မေမေ ရဲ့ သားသားလည် မဖြစ်ချင်ဘူး။ - ဆီပေ အင်္ကျီဝတ်ပြီး အင်ဂျင်တုံးထဲ လက်မနှိုက်ချင်ဘူး။ - Hand tools ခါးကြားညှပ် လှေကားပေါ်တက် ဓါတ်ကြိုးတွေလည်းမကိုင်ချင်ဘူး။ - တံတားဆောက် လမ်းဖောက် တိုက်ဆောက်ဖို့လည်း နေပူထဲမှာမနေနိုင်ဘူး။ - လူဦးရေများပြီး မေဂျာစုံတဲ့ တက္ကသိုလ်ကျောင်းကြီးလည်း မတက်ချင်ဘူး။ - လယ်တောထဲဆင်း ကောက်မစိုက်ချင်လို့ ရေဆင်းတက္ကသိုလ်လည်း မရွေးပါဘူး။ - ငှက်ဖျားရောဂါမခံစားနိုင်လို့ သစ်တောတက္ကသိုလ်လည်း မဖြစ်ပါဘူး။ - ကျောက်သင်ပုန်းနဲ့ စကားမပြောချင်လို့ ဆရာအတက်သင်လည်း မသွားပါဘူး။ - အဲယားကွန်းအခန်းထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်သုံးပြီး Blog ရေးချင်တယ်။

ThitSar Shin CT ဆယ်တန်းအောင် ကျောင်းသားတစ်ယောက်အနေနဲ့ ကွန်ပျူတာတက္ကသိုလ်ကို ရွေးချယ်ဖို့  ဆုံးဖြတ်ချက်ချလိုက်ရင်ဘဲ အပြင်မှာ ကွန်ပျူတာသင်တန်းတွေ မှိုလိုပေါက်နေတာ ဘာလို့ အကျိုးမဲ့ အချိန်ဖြုန်းနေမှာလဲလို့  မေးငေါ့တတ်ကြပါတယ်။ ဟုတ်ကဲ့။ ကျွန်တော် ကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ်ကို ၂၀၁၁ က အောင်ထားတာပါ။ ကျွန်တော် ဒီတက္ကသိုလ် တက်ရတာ အလကား သက်သက် ဖြစ်တယ်လို့  မသတ်မှတ်တဲ့အပြင် ရွေးမိတာ မှန်လိုက်လေခြင်းလို့  ကိုယ့်ဟာကို ထပ်တလဲလဲ ဂုဏ်ယူနေမိပါတယ်။……………………………………………………………………………………………………………………………………………………………… ဒီခေတ်ကြီးမှာ ဖုန်းတွေ၊ လက်ပ်တော့တွေ၊ တက်ဘလက်တွေနဲ့  လူတွေက စာရိုက်ဖို့ ၊ ဂိမ်းကစားဖို့ ၊ သီချင်းနားထောင်ဖို့ ၊ စာဖတ်ဖို့ စသည်ဖြင့် ပုံစံမျိုးစုံ ပိုမို အသုံးပြုလာကြပါတယ်။ ဒါကို Software Application အသုံးပြုခြင်းလို့  ခေါ်ပါတယ်။ ဒီလို Application တစ်ခု ရေးတတ်ဖို့ အတွက် C++, Java အစရှိတဲ့ Programming Fundamental Language တွေသိဖို့ လိုပါတယ်။ ဒီ Language တွေကို ကျွန်တော် ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကတည်းက စတင်ထိတွေ့ ခဲ့ရပါတယ်…………………………………………………………………………………………………………………………………………………… Application လေးတစ်ခုကို ရေးပြီး ဈေးကွက်တင်တယ်ဆိုတာ ကုန်ပစ္စည်းတစ်ခု ထုတ်သလိုပါပဲ။ ကုန်ကျစရိတ်၊ အရင်းအနှီး၊ ကြော်ငြာစရိတ်၊ ဝန်ထမ်းလခ စသဖြင့်တွက်ပြီး ဘယ်လို အမြတ်ရအောင်လုပ်မလဲ၊ ဘယ်နနှစ်အတွင်း ဘယ်လောက်အထိ ထိုးဖောက်မလဲ ဆိုပြီး တွေးရပါတယ်။ ဒီပညာတွေကို ကျွန်တော်တို့  ကျောင်းတော်ကြီးက Account ဆိုတဲ့ ဘာသာကို သင်ပေးခဲ့ပါတယ်။ အထင်မသေးလိုက်ပါနဲ့ ။ ကွန်ပျူတာ တက္ကသိုလ်ထွက်ကျောင်းသားတစ်ယောက်က LCCI Level 2 အဆင့်ရှိပါတယ်။…………………………………………………………………………………………………………………………………………………………………… Application တစ်ခုထုတ်တယ်ဆိုတာ တိုက်တစ်လုံးကို ဆောက်ရသလိုပါပဲ။ အရာရာ ကိုယ်တစ်ယောက်ထဲ လုပ်အားနဲ့  မပြီးနိုင်ပါဘူး။ ပြီးနို်င်တယ်ဆိုရင်တောင် အချိန်တော်တော်ရင်းရမှာပါ။ ဒီတော့ ဝန်ထမ်းငှားရမယ်။ ဝန်ထမ်းတွေကို ဘယ်လို အုပ်ချုပ်မလဲ။ ဘယ်လို တာဝန်တွေ ခွဲဝေပေးမလဲ။ ဒီလို Management အပိုင်းကို ပိုင်ဖို့  လိုအပ်ပါသေးတယ်။ ကွန်ပျူတာ တက္ကသိုလ်ကြီးက ဒီပညာကို ကျွမ်းကျင်စွာ တတ်မြောက်အောင် Software Engineering ဆိုပြီး သင်ပေးပါတယ်…………………………………………………………………………………………………………………………………………………………………… ဒီလို IT ခေတ်ကြီးထဲမှာ ကမ္ဘာနဲ့  ဝင်ဆံ့ဖို့  ရင်ဘောင်တန်းနိုင်ဖို့ အချိန်နဲ့  တစ်ပြေးညီ သတင်းအချက်အလက် ရဖို့ အတွက် Internet ဆိုတဲ့ ကမ္ဘာ့  ကွန်ယက်ကြီးထဲ တစ်နေ့ တစ်ခြား ပိုမို ဝင်ရောက်လာတာကို အထင်အရှားတွေ့ ရပါတယ်။ ထွန်းသစ်စ နိုင်ငံ (emerged country) ဆိုတဲ့ ကျွန်တော်တို့  မြန်မာနိုင်ငံကြီးမှာ တောင် အင်တာနက် အသုံးပြုနှုန်းက သိသာစွာ တိုးတက်လာတယ်မဟုတ်လား။ အဖွဲ့ အစည်းတိုင်း၊ ကုမ္ပဏီတိုင်းလောက်က အခုဆို သူတို့ ရဲ့  သတင်းအချက်အလက်တွေကို အချိန်နဲ့  တစ်ပြေးညီ မျှဝေဖို့  Website လေးတွေ လုပ်လာတတ်ကြပါတယ်။ ဒီ Website ရေးဖို့ အတွက် Design နဲ့  Develop ဆိုပြီး ပညာရပ်နှစ်မျိုး တတ်မြောက်ရပါတယ်။ ကျွန်တော်တို့  ကျောင်းတော်ကြီးက Design အခြေခံ HTML ကို သင်ပေးထားတဲ့အပြင် Develop အခြေခံ VB ကို လည်း သင်ကြားပေးပါတယ်……………………………………………………………………………………………………………………………………………………………… ကျွန်တော်တို့  မြန်မာနိုင်ငံမှာ နေ့ ချင်းညချင်း အရေအတွက် သိသာစွာ တိုးပွားလာတဲ့လုပ်ငန်းတွေထဲမှာ ဘဏ်လုပ်ငန်းက ထိပ်ပိုင်းနေရာက ပါနေတာကို တွေ့ ရပါတယ်။ ဘဏ်လုပ်ငန်းဆိုရင် ဝတ်စုံလှလှလေးတွေနဲ့  ရုပ်ရည် ပြေပြစ်သန့် ပြန့် တဲ့ ဝန်ထမ်းတွေကိုပဲ ပြေးပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဘဏ်လုပ်ငန်းတစ်ခုမှာ CEO ပြီးရင် အရေးပါဆုံးလူက ငွေသွင်း၊ ငွေလွှဲတဲ့ data တွေကို ကိုင်တဲ့ Database Programmar ပါပဲ။ Database တစ်ခုကို ဆွဲတတ်အောင် ကွန်ပျူတာ တက္ကသိုလ်ကြီးက Database Management ဆိုပြီး သင်ပေးပါတယ်။………………………………………………………………………………………………………………………………………………………………… ဒါကို လူတွေက သေချာမသိပဲ ကွန်ပျူတာ တက္ကသိုလ်ဆင်းဆိုတာနဲ့  စာစီစာရိုက်၊ Word၊ Excel တွေကိုပဲ သင်ပေးတယ်လို့  ထင်နေတာခက်ပါတယ်။ အဲဒီမှာ စလွဲတာပါပဲ။ ကျွန်တော်ကိုယ်တိုင်တောင် ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်းဆိုတော့ typing ကောင်းကောင်းတတ်မှာပေါ့။ ဒါဆို အလုပ်မရှားပါဘူးလို့  အပြောခံထိခဲ့ဖူးပါသေးတယ်။ ........................................................ ............................................................................................... ကျွန်တော်ပြောရဲပါတယ်။ ကွန်ပျူတာတက္ကသိုလ်က အပြင်သင်တန်းတွေထက် အများကြီးသာပြီး သင်ပေးတဲ့ ပညာရပ်တွေက ဆုံပါတယ်။ ကျွန်တော် ထောက်ပြခဲ့တဲ့ ပညာရပ်တွေ အခြားဘာသာရပ်တွေတောင် ရှိပါသေးတယ်။ ဒါ့အပြင် ဒါ့ကြောင့်လည်း နိုင်ငံတကာမှာဆိုရင် အပြင်သင်တန်းတွေကရတဲ့ Certificate တွေထက် ကွန်ပျူတာတက္ကသိုလ်ကပေးတဲ့ Degree ကို ပိုမိုအရေးပေးတာပါ။ ဒါပေမယ့် လက်တွေ့ ပိုင်းအတွက် အခက်အခဲတော့ရှိတယ်လို့  အကြောင်းပြတတ်ကြပါသေးတယ်။ မြန်မာနိုင်ငံမှာ လက်တွေ့ အကောင်းဆုံးပေးနိုင်ပါတယ်ဆိုတဲ့ ဆေးကျောင်းမှာတောင် သင်ထောက်ကူပစ္စည်းတစ်ခုကို ခုနှစ်ယောက် ရှစ်ယောက်လောက် ဝိုင်းဝန်းသုံးနေတာမို့ လို့ ဒါကို အပြစ်တင်လို့ မရပါဘူး။ အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်မယ်ဆိုရင်တော့ ကိုယ်တိုင် လေ့လာမှုတော့ လုပ်ရမှာပါပဲ။ လေ့လာမှုတွေ မလုပ်ချင်ဘူးဆိုရင်တော့ နေ့ စဉ်နဲ့ အမျှ နည်းပညာ အသစ်တွေထွက်နေတဲ့ IT Field ထဲ မဝင်ဖို့ အကြံပေးချင်ပါတယ်။……………………………………………………………………………………………………………………………………………………………… ကျွန်တော်က အိုင်တီပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ အခုမှ လုပ်ငန်းခွင်ထဲဝင်ဖို့  ပညာသင်တစ်ဦးပါ။ လုပ်ငန်းခွင်ထဲ ဝင်တဲ့အချိန်မှာဆိုရင် အကျိုးကျေးဇူး ပိုသိလာရမှာ ကျိန်းသေပါပဲ။ ကျွန်တော် ဒါကို ရေးတာ ကွန်ပျူတာတက္ကသိုလ် တက်ဖို့  ရွေးချယ်မယ့် ပြီးတော့ တက်နေဆဲ နောင်တရသလို အဓိပ္ပာယ်မဲ့သလို ခံစားနေရတဲ့ ညီငယ် ညီမငယ်တွေအတွက် အားပေးချင်ယုံသက်သက်ပါ။ တော်လွန်းလို့  တတ်လွန်းလို့  လုံးဝ လုံးဝ မဟုတ်ရပါဘူးဆိုတာ သိစေချင်ပါတယ်။ တစ်ခုခု အမှားလေးများပါရင်ဖြင့် နောင်တော်ကြီးများ၊ ရောင်းရင်းများ ခွင့်လွှတ်ပေးဖို့  တိုက်တွန်းရင်း…………………………………………………………………………………………………………………… I.Z